မြင့်တက်လာတဲ့ မလေးရှားက အက်စစ်ပတ်တိုက်ခိုက်မှုများ

ယခုနှစ် အစောပိုင်းတွင် အပြစ်မဲ့ အရပ်သားများအားမော်တော်ဆိုင်ကယ် ပေါ်ကနေ အက်ဆစ်ဖြင့် တိုက်ခိုက်မှု များဖြစ်ပွားခဲ့ပြီးနောက် ယခုတဖန် Kota Kinabalu ၌ အက်စစ်ဖြင့် လှမ်းပက်တိုက်ခိုက်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ခိုက်များ ကိုနေရာအချိန်မရွေး ဖြစ်ပွား လေ့ရှိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ခိုးဆိုးလုယက် သူများအချင်းချင်းစိတ်သဘောထားမတိုက်ဆိုင်ပါကယင်းနည်းလမ်းဖြင့်
တုန့်ပြန်တိုက်ခိုက် လာခဲ့ကြသည်။ Kota Kinbaluအရပ်၌အသက် ၂၂နှစ်အရွယ်
အမျိုးသမီးတစ်ဦးအားရေသေနက်အသုံးချကာအက်စစ်ဖြင့် တိုက်ခိုက်မှု
ဖြစ်ပွားခဲ့ သည်။ အဆိုပါ တိုက်ခိုက်သူကယင်းအမျိုးသမီး၏ နာမည်ကိုဟစ်ခေါ်
ကာလှည့်ကြည့်ခိုက်တွင် အက်စစ်ဖြင့် တိုက်ခိုက် ခြင်း ဖြစ်သည်။
အတိုက်ခံရသူLing Siew Teenမှာမျက်လုံး နှုတ်ခမ်းမေးစေ့ ပါးပြင်တို့၌
အပြင်းအထန် ဒဏ်ရာရရှိခဲ့သည် ။“ ကျွန်မကားထဲကနေထွက်ရုံရှိသေးတယ်။
ကျွန်မနာမည် လှမ်းခေါ် တော့ လှည်ကြည့်မိလိုက်တယ် ။ ကားတစ်စီး
ကျွန်မဆီကိုမောင်းလာတာကိုတွေ့လိုက် တယ်။ ပြီးတော့
လူတစ်ယောက်ကကစားစရာသေနက်နဲ့ ချိန်ပစ်လိုက်တော့ အရည်တချို့ မျက်နှာပေါ်
ပေကျံသွားတာသိလိုက်ပါတယ်။
ကျွန်မလည်းချက်ချင်းပဲပူပြင်းတဲ့လောင်းကျွမ်းတာကိုမျက်နှာပေါ်မှာခံစားလိုက်ရတော့ပဲ။
မျက်လုံးလဲဘာမှ မမြင်ရတော့ဘူး ။ ”ဟုသူမအတွေ့အကြုံကိုပြောပြသည်။
ဆရာဝန်များက ယင်းအမျိုးသမီး၏ အခြေနေမှ
စိုးရိမ်းစရာမရှိသော်လည်းဆက်လက်စောင့်ကြည်ရဦးမည်ဟုဆိုသည်။
အပြစ်မဲ့ပြည်သူများအားအလစ်အငိုက်ချောင်းကာအက်စစ်ဖြင့်
တိုက်ခိုက်နေသူများအားစုံစမ်းထောက်လှမ်းနိုင်ရန်
တပ်ဖွဲ့တစ်ခုဖွဲ့စည်းထားပြီးဖြစ်သည်။ မှုခင်းစုံစမ်းရေးအကြီးအကဲ က
တရားခံအားဆက်လက်စုံစမ်းနေကြောင်းပြောဆိုထားသည် ။

Leave a comment