နေ့စဉ် ၁၅ မိနစ်ကြာလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် အသက်ရှည်နိုင်ကြောင်းတင် ပြ

တရုတ်(ထိုင်ပေ)မှ ဆေးသုတေသီများက နေ့စဉ်မိနစ်(၃၀)ကြာ ကာယ လေ့ကျင့်ခန်းပြု လုပ်ခြင်း သည် မောပန်းနွမ်းနယ်နိုင်စေသဖြင့် နေ့စဉ်(၁၅)မိနစ်မျှ ပြုလုပ်ခြင်းဖြင့် အသက်ပိုရှည် စေနိုင်ကြောင်း ထုတ်ဖော်တင်ပြခဲ့သည်။ နေ့စဉ် (၁၅)မိနစ်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် သက် တမ်း (၃)နှစ်မျှပိုမိုရှည်ကြာမည်ဟု ဆိုသည်။ မင်နေဆိုတာ တက္ကသိုလ်မှ အားကစား နှင့် ကာယ လေ့ကျင့်ခန်း ဆိုင်ရာ ဇီဝကမ္မဗဒဘာသာရပ်ကိုသုတေသနပြုနေသည့် ဒေါက်တာနီကိုလေဗွိုင်က ဦးဆောင် သော သုတေသနအဖွဲ့မှရှာဖွေတွေ့ရှိချက်ဖြစ်သည်။ အိမ်တွင်း အိမ်ပြင် နေရာများ ၊ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် နှလုံးခုန်နှုန်းကို တိုးတက် ကောင်းမွန်စေနိုင်ကြောင်းနှင့် ကျန်းမာရေး တိုးတက် ကောင်းမွန်ရေး အတွက် ကာယလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ရန်လိုအပ်ကြောင်း အာဟာရနှင့် ခန္ဓာ ကိုယ် အလေးချိန်မျှတရေးသုတေသီများကလည်း အကြံပြုခဲ့သည်။ အသက်အန၊ာယ်ဖြစ်စေမည့် အပြုအမူနှင့်အစားအစာများကို ရှောင်ကြဉ် ခြင်းထက် ကာယလေ့ ကျင့်ခန်းပြု လုပ်ခြင်းက အသက်ပိုရှည်စေမည်ဟု ဆိုသည်။ အ၀လွန်သည့် လူဦးရေ တိုးပွားနေသဖြင့် အဆိုပါပုဂ္ဂိလ်များသည် ကယ်လိုရီ ချေဖျက်နိုင်စွမ်းနှင့် ခန္ဓာကိုယ်ဇီဝကမ္မဗေဒ ပုံမှန်လည် ပတပ်ြနိုင်စွမ်း အတွက် နေ့စဉ်မိနစ် (၃၀)ကြာ လေ့ကျင့်သင့်ကြောင်း အကြံပြုထားသည်။

Leave a comment